International News

ထိုင်းနိုင်ငံတွင် ပို့ကုန်တင်ပို့မှုနှစ်အလိုက်တွင် ၂.၇ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

         ယခင်နှစ်က ပို့ကုန်တင်ပို့မှုသည် ကမ္ဘာ့စီးပွားရေးမတည်ငြိမ်မှု၊ ရေနံနှင့်လယ်ယာထုတ်ကုန်ဈေးနှုန်းကျဆင်းခြင်းနှင့် စက်မှု ထုတ်ကုန်များတင်ပို့မှုကျဆင်းခြင်းတို့ကြောင့် (၂.၇%) ကျဆင်းခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် အတွက် အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုမှာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၂၄၆) ဘီလီယံ ရှိခဲ့ ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာ (၄.၇%) ကျဆင်းခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ (၂၃၇) ဘီလီယံရှိခဲ့ကာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၉.၆) ဘီလီယံရှိခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။

              ဒီဇင်ဘာလတွင် ပြည်ပတင်ပို့မှုမှာ ပဉ္စမမြောက်လအဖြစ် ဆက်တိုက်ကျဆင်းခဲ့ပါ သည်။ သို့ရာတွင် နိုဝင်ဘာလတွင် ကျဆင်းခဲ့သော (၇.၄%) ထက်တိုးတက်ခဲ့ပါသည်။ ပို့ကုန် တင်ပို့မှုအနေဖြင့် အောက်တိုဘာလတွင် (၄.၅%) ကျဆင်းခဲ့ပြီး စက်တင်ဘာလတွင် (၁.၄%) နှင့် ဩဂုတ်လတွင် (၄%) ကျဆင်းခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးစီမံကိန်းယူနစ်၊ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် PinchanokVonkorporn က ယမန်နှစ်က ပို့ကုန်တင်ပို့မှုကျဆင်းခဲ့ရခြင်း၏ အဓိကအကြောင်းတရားမှာ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့်ဖြစ်ပြီး အဓိကအားဖြင့် မသေမခြာမရေရာသော ကုန်သွယ်မှုအခြေအနေ၊ ကမ္ဘာ့ရေနံဈေးနှုန်းအတော်လေးကျဆင်းမှု၊ မော်တော်ကားနှင့် အစိတ်အပိုင်း များကဲ့သို့သော အဓိကစက်မှုပို့ကုန်များ တင်ပို့မှုကျဆင်းခြင်း၊ တင်းကျပ်သော ထုတ်လုပ်မှုနှင့် ပို့ကုန်စံနှုန်းများ၊ စိုက်ပျိုးရေး ထုတ်ကုန်များ၏ ဈေးနှုန်းများအတော်လေး နိမ့်ကျခဲ့မှုတို့ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

         သို့ရာတွင် ဒီဇင်ဘာလကိန်းဂဏန်းများအရ Ms. Pimchanok က ကုန်သွယ်ရေးစစ်ပွဲ၏ ပို့ကုန်တင်ပို့မှုအပေါ် သက်ရောက်မှုမှာ သိသိသာသာတည်ငြိမ်လာခဲ့ပြီး စတင်ကျဆင်းလာခဲ့ကြောင်း၊ ၎င်းမှာ မကြာသေးမီလများအတွင်း အမေရိကန် နှင့် တရုတ်နိုင်ငံတို့၏ စေ့စပ်ညိှနှိုင်းမှုသက်ရောက်မှုများနှင့် ထောက်ပံ့မှုကွင်းဆက်စေ့စပ်ညိှနှိုင်းမှုများကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

                 အီလက်ထရောနစ်ပို့ကုန်တင်ပို့မှုများမှာ (၁၆)လအတွင်း ပြန်တက်လာခဲ့ကြောင်း၊ အဓိကဈေးကွက်များ၌ ကွန်ပျူတာများ တင်ပို့မှုတိုးတက်လာခဲ့ပါသည်။ ထို့အပြင် အမေရိကန်-တရုတ် ပထမအဆင့်ကုန်သွယ်ရေးသဘောတူညီချက် သည် ကမ္ဘာ့စီးပွားရေးအလားအလာအပေါ် အကောင်းမြင်မှုကိုတိုးတက်စေပြီး မကြာမီကာလနှင့်အလယ်အလတ်ကာလအတွင်း စီးပွားရေးလုပ်ငန်းများအပေါ် ယုံကြည်မှုရှိစေရေးအတွက် အထောက်အကူဖြစ်စေခဲ့ပါသည်။

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး JurinLaksanawisit ဉီးဆောင် ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာအရ ရော်ဘာ၊ ရော်ဘာထုတ်ကုန်များ၊ ဆန်နှင့်ပြုပြင် ထားသောအစားအစာများအား တူရကီနိုင်ငံသို့ တင်ပို့ခြင်းအပြင်၊ အလားတူ ရော်ဘာ၊ ရော်ဘာ ထုတ်ကုန်များ၊ သစ်နှင့်သစ်သားထုတ်ကုန်များအား အိန္ဒိယသို့ တင်ပို့နိုင်သည့် အကျိုးကျေးဇူးများရရှိခဲ့ပါသည်။

  ဘတ်ငွေတန်ဖိုးမြင့်တက်ခြင်းနှင့်အတူ စိန်ခေါ်မှုကာလအတွင်း အချို့သော စိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးစက်မှုထုတ်ကုန်များ သည် ပို့ကုန်တန်ဖိုးကို သမိုင်းဝင်မြင့်မားစေခဲ့ပါသည်။ ၎င်းတို့တွင် လတ်ဆတ်၊ အေးခဲနှင့်ပြုပြင်ထားသော သစ်သီးများ၊ လတ်ဆတ်နှင့်အေးခဲကြက်သား၊ အဖျော်ယမကာများ၊ ဂျုံထုတ်ကုန်များနှင့် အခြားအစားအစာများ၊ ငရုတ်ဆီ၊ ငံပြာရည်စသည်တို့ ပါဝင်ကြပါသည်။ စက်မှုထုတ်ကုန်များဖြစ်သည့် မော်တော်ဆိုင်ကယ်များနှင့် အစိတ်အပိုင်းများ၊ ပရိဘောဂများ၊ အလှကုန်များ၊ ဆပ်ပြာနှင့်အသားအရည်အလှအပဆိုင်ရာထုတ်ကုန်များ တင်ပို့မှုမှာ တဖြည်းဖြည်းတိုးတက် လာပြီး အပြုသဘောဆောင်သည့် လမ်းကြောင်းဖက်သို့ ဉီးတည်လျှက်ရှိပါသည်။

            ဒီဇင်ဘာလတွင် နောက်ထပ်တိုးတက်မှုတစ်ခုဖြစ်သည့် အဓိကကုန်သွယ်ဖက် နှစ်ဉီး ဖြစ်သော အမေရိကန်နှင့်တရုတ်သို့ ပို့ကုန်တင်ပို့မှု၏ တိုးတက်မှုနှုန်းမှာ (၁၅.၆%) နှင့် (၇.၃%) အသီးသီးရှိခဲ့ပါသည်။ ထို့အပြင် ထိုင်ဝမ်နှင့်အရှေ့အလယ်ပိုင်းသို့ တင်ပို့မှုမှာလည်း (၁၆.၂%) နှင့် (၁၁.၄%) အသီးသီးတိုးတက်ခဲ့ပါသည်။

          ပို့ကုန်တင်ပို့မှုမှာအနာဂတ်တွင် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြင်ပသက်ရောက်မှု များအနေဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ တည်ငြိမ်လာခြင်း၊ ကုန်သွယ်ရေးစစ်ပွဲနှင့် ဆက်စပ်နေသော အရေးကြီးထုတ်ကုန်အုပ်စုများအား ပြန်လည် ချိန်ညှိခြင်းနှင့် ပို့ကုန်ဈေးကွက်အား ပိုမိုချဲ့ထွင်ခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ အကယ်၍တစ်လလျှင် ပို့ကုန်တင်ပို့မှု အမေရိကန် ဒေါ်လာ (၂၀) ဘီလီယံကျော်လွန်ရရှိမည် ဆိုပါက ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှု (၁.၅%- ၂%) ရရှိနိုင်ကြောင်း Ms. Pinchanokကပြောကြားခဲ့ပါသည်။

                 ထိုင်းအမျိုးသားသင်္ဘောတင်ကောင်စီ (TNSC) ၏ ဉက္ကဌ အမျိုးသမီး Ghanyapad Tantipipatpong က ယခင်နှစ်က တနှစ်စာပို့ကုန်တင်ပို့မှု (၂.၇%) ကျဆင်းခဲ့ရခြင်းမှာ အံ့ဩစရာ မဟုတ်ကြောင်း၊ ၎င်းမှာအစောပိုင်းထဲက ၂၀၁၉ ခုနှစ်အတွက် ပို့ကုန်တင်ပို့မှု (၂.၅%-၃%) ကျဆင်း မည်ဟု TNSC ကခန့်မှန်းထားခဲ့မှုနှင့်အညီ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

              ကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန်တိုးတက်မှုနှုန်းကို (၀-၁%) အထိ တိုးတက်နိုင်မည်ဟု ခန့်မှန်းထားပြီး ဘတ်ငွေတန်ဖိုးမြင့်တက်မှုမှာ အဓိကခြိမ်းခြောက်မှုဖြစ်ကြောင်းကိုးကား၍ ပြောကြားခဲ့ပါသည်။

 

Source: Bangk Post                                                               

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Category: International News